Vocational Engineering Course

အချိန်တိုအတွင်း ကုန်ကျစရိတ်သက်သက်သာသာဖြင့် အတတ်ပညာတစ်ခုခုကို သင်ယူလိုသူများအတွက် ရည်ရွယ်ကာ ဂလိုရီသည် အသက်မွေးဝမ်းကျောင်း အင်ဂျင်နီယာတတ်ပညာ သင်တန်း (၁၅)မျိုး ခန့်ကို ဖွင့်လှစ်ထားပါသည်။ အဆိုပါ သင်တန်းများကို ဂလိုရီ၏ ကိုယ်ပိုင် သင်ရိုးဖြင့် သင်ကြားပေးပြီးသင်တန်းပြီးလျှင် ဂလိုရီမှ ချီးမြှင့်သော အောင်လက်မှတ်ကို ရရှိပါမည်။ ပြည်တွင်း ၊ ပြည်ပ လုပ်ငန်းခွင်တွင် ကျွမ်းကျင်လုပ်သား (သို့) ကျွမ်းကျင်ပညာရှင်အဖြစ် လုပ်ကိုင်လိုသူများ ၊ ကိုယ်ပိုင် လုပ်ငန်းထူထောင်လိုသူများအတွက် သင့်တော်ပါသည်။ ဝင်ခွင့်သတ်မှတ်ချက် အနေဖြင့် အသက်အရွယ် ကန့်သတ်မှတ်မထားဘဲ သင်တန်းအမျိုးအစား ပေါ်မူတည်ကာ ပညာအရည်အချင်း လိုအပ်ချက် ကွာခြားပါသည်။ အတန်း ပညာအနည်းငယ် ရှိရုံ ဖြင့်တက်နိုင်သော သင်တန်းများရှိသကဲ့သို့ အင်ဂျင်နီယာ ဒီပလိုမှာ ၊ ဘွဲ့ရရှိပြီးသူများ တက်နိုင်သော သင်တန်းများလဲ ရှိပါသည်။ သင်တန်းကာလမှာ အမျိုးအစားအလိုက် (၁)လမှ (၃)လ အတွင်း ရှိပြီး လစဉ်တန်းခွဲ သစ်များ ဖွင့်လှစ်ပါသည်။

သင်တန်းအမျိုးအစားများ
Applied Electronic Course - Level (1)

အီလက်ထရောနစ်နယ်ပယ်တွင် အသုံးများသော Application ဆားကစ်များ၏ အလုပ်လုပ်ပုံကို နားလည်ရန် ၊ ကိုယ်တိုင်တည်ဆောက်နိုင်ရန် ၊ လုပ်ငန်းခွင်သုံး အီလက်ထရွန်နစ် အပိုင်းကို ကျွမ်းကျင်စေရန် ရည်ရွယ်ကာ ဦးတည် သင်ကြားပေးသော သင်တန်းဖြစ်သည်။ အခြေခံ Theory များ ကျွမ်းကျင်စေပြီး Electronic Component များ၏ အလုပ်လုပ်ပုံ ၊ တိုင်တာစစ်ဆေးပုံ ၊ Data Sheet များ ဖတ်ပုံတို့ကို သင်ကြားပေးသည်။ စာတွေ့ လက်တွေ့ အချိုးညီညီ သင်ကြားပေးပြီး Multimeter ( Analog , Digital ) Digital Analysis Test Kit , Oscilloscope များ သုံး၍ထိရောက်အောင် သင်ပေးသည်။ သင်တန်းကာလ (၁၀) ပတ်ကြာမြင့်ပြီး အနိမ့်ဆုံး (၁၀)တန်း အဆင့်အတန်းပညာ သင်ယူဖူးသူများ တက်နိုင်သည်။
Read More


Applied Electronic Course - Level (2)

ပိုမိုကြီးမားကျယ်ပြန့်သော အသုံးချဆားကစ် နှင့် ဈေးကွက်ဝင်ဆားကစ်များ အကြောင်းကျွမ်းကျင်မှု ရှိရန် ကိုယ်တိုင်တည် ဆောက်နိုင်ရန် ရည်ရွယ် သင်ကြားပါသည်။ IC များ ၊ Thyristor များ ၊ Protection Device များ ၊ Sensor များအကြောင်းကို Data Sheet များသုံး၍ စာတွေ့ သင်ကြားပေးပြီး လက်တွေ့ ဆားကစ်တွင် ထည့်သွင်း တည်ဆောက်ပုံ ၊ တိုင်တာစစ်ဆေးပုံ များကို လေ့ကျင့်သင်ကြား ပေးသည်။ နမူနာ Application Circuit များ တည်ဆောက်စေခြင်းဖြင့် လေ့ကျင့်သင်ကြား ပေးသည်။ ဤ သင်တန်းသည် သင်တန်းကာလ (၃)လခွဲ ကြာမြင့်ပြီး Level (I) အောင်မြင်ပြီးသူ (သို့) အခြေခံ အီလက် ထရွန်းနစ် အပိုင်းကို စာတွေ့ လက်တွေ့ ကျွမ်းကျင်ထားသူများ တက်ရောက် နိုင်သည်။
Read More


အီလက်ထရွန်နစ် စက်ပြင်သင်တန်း ( Electronic Repair Course )

အိမ်သုံးအီလက်ထရွန်နစ် ပစ္စည်းများပြုပြင်ခြင်း အပိုင်းကို အဓိက ဦးတည် သင်ကြားပေးသည်။ အသုံးများသော Component များ ၊ IC များ အကြောင်းကို သင်ကြားပေးပြီး TV , EVD , Inverter မီးအားမြှင့်စက် စသော စက်ပစ္စည်းများ ပြုပြင်ခြင်းကို အထူးပြု သင်ကြားသည် ။ အဖြစ်များသော Fault များကို လေ့ကျင့်ပေးပြီး ခေတ်ပေါ်ဆန်းသစ်လာသော ဆားကစ်များကို အမှီ လိုက်နိုင်ရန် လိုအပ်သော Theory Knowledge များကိုလည်း သင်ကြားပေးသည်။ ဤ သင်တန်းသည် သင်တန်းကာလ (၃)လ ကြာမြင့်ပြီး Level (I) အောင်မြင်ပြီးသူ (သို့မဟုတ်) အခြေခံ အီလက်ထရွန်းနစ် အပိုင်းကို စာတွေ့ ၊ လက်တွေ့ ကျွမ်းကျင်ထားသူများ တက်ရောက်နိုင်သည်။
Read More


အဲယားကွန်း ၊ ရေခဲသေတ္တာ ကျွမ်းကျင် သင်တန်း
( Refrigeration & Air Conditioning Course )

အိမ်သုံး အဲယားကွန်းများ ၊ ရေခဲသေတ္တာများ ပြုပြင်ခြင်း ၊ တပ်ဆင်ခြင်း ၊ ဆားဗစ်ပြုလုပ်ခြင်း အပိုင်းကို အထူးပြု သင်ကြား သည်။ သက်ဆိုင်ရာ Hand Tools, Safety, Pressure Gauge, Pipe Fitting, Gas Charge, Discharge, Clamp Meter, Multimeter များ ကို စနစ်တကျ သင်ကြားပေးသည်။ Electrical နှင့် Mechanical ပိုင်းကို အချိုးညီညီသင်ကြား ပေးသည်။ သင်တန်းကာလ (၁)လခွဲ ခန့် ကြာမြင့်ပြီး အနိမ့်ဆုံး အခြေခံ ပညာအလယ်တန်း အဆင့် သင်ယူပြီးသူများတက် ရောက်နိုင်သည်။
Read More


အခြေခံ လျှပ်စစ်နှင့် ဝါယာရိန်း သင်တန်း(Electrical Installation & Wiring Course)

အိမ်သုံး ၊ လုပ်ငန်းသုံး လျှပ်စစ်ဖြန့်ဖြူးပုံ ၊ လျှပ်စစ်ပစ္စည်းများ တပ်ဆင်ပုံ ၊ ဝါယာရိန်းပြုလုပ်ပုံများ အကြောင်းကို သင်ကြားပေးသော သင်တန်း ဖြစ်သည်။ လုပ်ငန်း ခွင်သုံး Instrutment များ ဖြစ်သော Analog & Digital Multimeter , Earth Tester , Insulation Tester , Phase Tester , Lux Meter , Clamp Meter များ သုံးတတ်အောင် စနစ်တကျ သင်ကြားပေးသည်။ လိုအပ်သော knowledge များဖြစ်သော IEE Wiring Regulation များ ၊ Safety Rule များ ၊ Wiring Drawing များကို တွဲဖက်သင်ကြားပေးသည်။ သင်တန်းကာလ (၁) လကြာမြင့်ပြီး အနိမ့်ဆုံး အခြေခံပညာ အလယ် တန်းအဆင့် သင်ယူပြီးသူများမှ စ၍ တက်ရောက်နိုင်သည်။
Read More


Electrical Control Technology (ECT) Course

စက်ရုံး ၊ အလုပ်ရုံ ၊ သင်္ဘောကျင်း ၊ ရေနံတူးစဉ် အစရှိသော လုပ်ငန်းခွင်များ၏ Electrical Control ပိုင်းတွင် ဝင်ရောက် လုပ်ကိုင် လိုသူများအတွက် ရည်ရွယ် ဖွင့်လှစ်ပါသည်။ Control Component များဖြစ်သော Magnetic Contactor , Timer , Counter , Relay , Motor အစရှိသော Control Device များ အသုံးပြုပုံ ၊ တိုင်းတာ စစ်ဆေးပုံ ၊ Control Circuit များ လက်တွေ့တည်ဆောက်ပုံ ၊ Control Diagram များ ဖတ်ပုံ တို့ကို စာတွေ့ လက်တွေ့ သင်ကြားပေးပါသည်။ သင်တန်း ကာလ (၁)လကြာမြင့်ပြီး လျှပ်စစ်နှင့်ဝါယာရိန်းအခြေခံ တတ်မြောက်ပြီးသူ ၊ အနိမ့်ဆုံး (၁၀) တန်း အဆင့် အတန်းပညာ သင်ယူပြီးသူများ တက်ရောက်နိုင်သည်။
Read More


ဂဟေဆက် ကျွမ်းကျင် သင်တန်း ( Welding Skill Course)

ယခုအခါ ဆောက်လုပ်ရေး လုပ်ငန်းများတွင် သစ်အစား သံပိုက်များ ၊ H  Bean ၊ U  Bean များကို အဓိက သုံးလာကြ၍ ဂဟေဆက် ကျွမ်းကျင်သူအများအပြား လိုအပ်နေပါသည်။ ဤ သင်တန်းတွင် Arc Welding , Gas Welding ,Gas Cutting များ အဓိက သင်ကြားပေးပါသည်။ ဂဟေဆက် ပညာရပ် ကို စနစ်တကျ တတ်မြောက်စေရန် ဂဟေဆော် စက်အမျိုးမျိုး နှင့် Hand Tool အမျိုးမျိုး ၊ အောက်ဆီဂျင် နှင့် အဆက်တလင်းဓာတ်ငွေ့ ချိန်ညှိပုံ ၊ ဂဟေချောင်း နှင့် လျှပ်စစ် Ampere ချိန်ညှိပုံ ၊ ISO သုံး Position Code များ ၊ 1G , 2G , 3G , 4G , 1F , 2F , 3F , 4F သင်ခန်းစာများကို လေ့ကျင့် သင်ကြားပေး သည်။ သင်တန်းကာလ (၁)လကြာမြင့်ပြီး အနိမ့်ဆုံး မြန်မာစာ ရေးတတ် ဖတ်တတ်သူများ အားလုံးတက်နိုင်သည်။
Read More


ပိုက်ဖစ်တာ သင်တန်း (Pipe Fitter Course)

စက်ရုံ ၊ ဆောက်လုပ်ရေးလုပ်ငန်း ၊ သင်္ဘောကျင်းများတွင် ဝင်ရောက်လုပ်ကိုင် လိုသူများ အတွက် ရည်ရွယ် ဖွင့်လှစ်ပါ သည်။ ပိုက်ပြင် ၊ ပိုက်ဆက် လုပ်ငန်းခွင် အတွက် လိုအပ်သော Welding အခြေခံ ၊ Gas Cutting ၊ Plate Forming များ ၊ Drawing သင်္ကေတများ ၊ Pipe Drawing များ ပြည့်ပြည့်စုံစုံ သင်ကြားပေးပါသည်။သင်တန်းကာလ (၁)လ ကြာမြင့်ပြီး ဂဟေဆက် ကျွမ်းကျင်ပြီး သူ ၊ အနိမ့်ဆုံး (၁၀)တန်း အဆင့်အတန်းပညာသင်ယူပြီးသူများ တက်ရောက်နိုင်သည်။
Read More


အင်ဂျင်စက်ပြင် သင်တန်း (Engine Repairing Course)

စိုက်ပျိုးရေး လုပ်ငန်း ၊ ဆောက်လုပ်ရေးလုပ်ငန်း ၊ ရေကြောင်းသွားလာရေးလုပ်ငန်း အစရှိသော လုပ်ငန်းခွင်သုံး အင်ဂျင် အမျိုးမျိုး ကို ပြုပြင်ထိန်းသိမ်းနိုင်စေရန် ရည်ရွယ်ကာ ဖွင့်လှစ် သင်ကြားပါသည်။(၁)လုံးထိုး ၊ (၂)လုံးထိုး ၊(၄)လုံးထိုး ဒီဇယ် ၊ ဓာတ်ဆီ အင်ဂျင်အမျိုးမျိုး ဖြင့် လေ့ကျင့်သင့်ကြားပေးပြီး လက်တွေ့တွင် အရေးပါသော Fuel Pump Timing ချိန်ခြင်း Tapped Clearance ချိန်ခြင်း ၊ Ignition Timing ချိန်ခြင်းတို့ကို ပိုင်နိုင်အောင် လေ့ကျင့်သင်ကြားပေးသည်။ သင်တန်း ကာလ (၁)လခွဲ ကြာမြင့်ပြီးအနိမ့်ဆုံး အခြေခံပညာ အလယ်တန်းအဆင့် သင်ယူပြီးသူများ တက်ရောက်နိုင်သည်။
Read More


Programmble Logic Controller (PLC) သင်တန်း

ခေတ်မီ Automation စနစ်သုံး ထားသော စက်ရုံများ ၊ သင်္ဘောကျင်း နှင့် သင်္ဘောများ ၊ ရေနံတူးစဉ်များ အစရှိသော လုပ်ငန်းခွင်များတွင် ဝင်ရောက်လုပ်ကိုင်လိုသော အင်ဂျင်နီယာများအတွက် ရည်ရွယ်ဖွင့်လှစ်ပါသည်။ Omron , Siemens , Delta အစရှိသော PLC unit များ ၊ Input Sensor များ ၊ Output Device မျိုးစုံတို့နှင့် အတူ သက်ဆိုင်ရာ Program များ ရေးသားပုံ နှင့် နမှုနာ Project များအကြောင်း စာတွေ့လက်တွေ့ သင်ကြားပေးသည်။ သင်တန်းကာလ (၂)လကြာ မြင့်ပြီး အင်ဂျင်နီယာ ဒီပလိုမာ (သို့) ဘွဲ့တစ်ခုခု ရထားသူ နှင့် လျှပ်စစ် နှင့် Electrical Control အကြောင်း သိရှိထားသူများ တတ်ရောက်နိုင်သည်။
Read More


Advanced PLC and SCADA Course

PLC Unit များစွာ အသုံးပြုထားသော Process Control များတွင် SCADA System များ အသုံးပြုလာကြပါသည်။ ထို့ကဲ့သို့ ပိုမိုရှုပ်ထွေးသော အဆင့်မြင့် Automation System များအကြောင်း သိရှိလိုသူများ အတွက် ရည်ရွယ်ဖွင့်လှစ် ပါသည်။ သင်တန်းတွင် Data Monitoring ပြုလုပ်ပုံကို လုပ်ငန်းခွင်သုံး SCADA Software များ ၊ PLC Unit များ ၊ HMI စက်များ အသုံးပြု၍ သင်ကြားပါသည်။ ပြည်တွင်း ၊ ပြည်ပ လုပ်ငန်းခွင်တွင် အသုံးများမည့် နမူနာ Project များ ဖြင့်လေ့ကျင့် သင်ကြားပါသည်။ သင်တန်းကာလ (၂)လကြာမြင့်ပြီး အခြေခံ PLC သင်တန်းပြီးမြောက်ထားသူများ တက်နိုင်သည်။
Read More


Microcontroller Course

Microcontroller ကို သုံး ၍ အဆင့်မြင့်ဆားကစ်များ ၊ Robot များ ၊ Project များတည်ဆောက်လိုသူများ အတွက် ရည်ရွယ် ဖွင့်လှစ်ပါသည်။ Arduino Uno Controller ကို ဦးတည် သင်ကြားပေးပြီး Arduino Mega ကိုလည်း ဆက်လက် လေ့လာ နိုင်ပါသည်။ အခြေခံ Program များ ရေးသားခြင်း ၊ PC နှင့် ချိတ်ဆက်ပြီး Program များ ထည့်ခြင်း ၊ ဆက်စပ် Sensor နှင့် Hardware များသုံး၍ နမှုနာ Project များ ဆားကစ်များ တည်ဆောက်ခြင်း ၊ စမ်းသပ်စေခြင်း တို့ဖြင့် လေ့ကျင့်သင်ကြား ပေးသည်။ သင်တန်းကာလ (၂)လကြာမြင့်ပြီး အီလက်ထရွန်နစ် နှင့် ပတ်သတ်၍ ဘွဲ့ ၊ ဒီပလိုမာ ရရှိထားသူ (သို့မဟုတ်) ကွန်ပျူတာ နှင့် အီလက်ထရွန်နစ် အခြေခံရှိထားသော ဝါသနာရှင် များ တက်ရောက်နိုင်သည်။
Read More

Copy Right © 20019-2020 GLORY Career Training Centre . All Rights Reserved.