ကုမ္ပဏီအကြောင်း

Principal Message

ယနေ့ကမ္ဘာမှာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝကို အင်ဂျင်နီယာ အတတ်ပညာတွေ နည်းပညာတွေ က လွှမ်းမိုးနေရာယူထား ပါတယ်။ ယနေ့ မြန်မာနိုင်ငံဟာလည်း ပြုပြင်ပြောင်းလဲမှု့တွေ နဲ့အတူ နိုင်ငံကို ပြန်လည်တည်ဆောက်ရာမှာ အသိပညာရှင်၊ အတတ်ပညာရှင်တွေနဲ့ ကျွမ်းကျင် လုပ်သားတွေ အများအပြား လိုအပ်နေပါတယ်။ ဒါ့ကြောင့် ဒီလို အတတ်ပညာ တွေ အသက်မွေး ပညာရပ်တွေ သင်ယူထားမယ်ဆိုရင် အနာဂတ်ဘဝခိုင်မာပြီး အခွင့်အလမ်းကောင်းတွေက စောင့်ကြိုနေပါ တယ်။ ဒါ့ကြောင့် ခိုင်မာတဲ့ အနာဂတ်ကို တည်ဆောက်ဖို့ မိမိရဲ့ ငွေကြေးနဲ့  အချိန်တွေကို ပညာရေးမှာ ရင်းနှီး မြှပ်နှံ မယ်ဆိုရင် အကောင်းဆုံးဖြစ်  မှာပါ။ ဒီအတွက် ဂလိုရီက ပညာရေးနဲ့ ပတ်သက်ရင် အကောင်းဆုံးဝန်ဆောင်မှု တွေပေးနေပြီး လုပ်ငန်းခွင်နဲ့ အံဝင်ခွင်ကြဖြစ် စေမယ့် အတတ်ပညာတွေကို ဝါရင့်ဆရာတွေက စနစ်တကျ လေ့ကျင့် သင်ကြား ပေးနေပြီဖြစ်ကြောင်း သတင်း ကောင်းပါးပါရစေ။

History

ဂလိုရီကို 2004 သြဂုတ်လတွင် စတင်တည်ထောင် ဖွင့်လှစ်ခဲ့ပါသည်။ စတင်စဉ်က အသက်မွေးဝမ်းကြောင်းအတတ်ပညာ (6) မျိုးဖြင့် စတင်ခဲ့ပြီး တဖြည်းဖြည်းတိုးချဲ့ ဖွင့်လှစ်လာခဲ့ရာ လက်ရှိ အချိန်တွင် သင်အမျိုးအစား (၃၀) ကျော်ကို ဖွင့်လှစ်ထားပါသည်။ 2005 ခုနှစ် ဇွန်လ တွင် ဂလိုရီသည် City & Guilds of London Institute (UK) နှင့် စတင်ပူးပေါင်းဆောင်ရွက်ခဲ့ပြီး UK ၏ Approved Training Centre (Centre No. 826801) အဖြစ် အင်ဂျင်နီယာ ဒီပလိုမာ သင်တန်းများကို စတင်ဖွင့်လှစ်ခဲ့ပါသည်။ 2014 ခုနှစ် ဧပြီလတွင် ဂျပန်နိုင်ငံမှ အိုကာယာမာ နည်းပညာကောလိပ်နှင့် ပူးပေါင်းကာ မြန်မာနိုင်ငံ၏ ပထမ ဦးဆုံးသော မော်တော်ကားနည်းပညာ ဒီပလိုမာ သင်တန်းကျောင်းကို စတင်ဖွင့်လှစ်ခဲ့ပါသည်။ 2016 ခုနှစ် အောက်တိုဘာ တွင် ဂလိုရီသည် မြန်မာနိုင်ငံ လုပ်သားများ ကျွှမ်းကျင် မှု့ စံ သတ်မှတ် ပြဌာန်းရေးအဖွဲ့ (NSSA) နှင့် စတင်ပူးပေါင်းဆောင်ရွက် ခဲ့ပါသည်။ဂလိုရီသည် NSSA ၏ မော်တော်ကားစက်ပြင် ကျွမ်းကျင်မှု စာမေးပွဲများကို စစ်ဆေးခွင့် ရှိသော တရားဝင်စစ်ဆေး ရေးဌာန တစ်ခု ဖြစ်ပါသည်။

  • item
  • item
  • item
  • item
  • item
  • item

လက်ရှိအချိန်ထိ ဂလိုရီမှ လေ့ကျင့်သင်ကြားပေးခဲ့သော သင်တန်းဆင်းကျောင်းသား (၂၅,၀၀၀) ကျော်ရှိပြီး သင်တန်းသား (၄၀၀) ကျော် တစ်ပြိုင်နက် တက်ရောက် ပညာသင်ကြားနေပါသည်။ အကောင်းဆုံး ဝန်ဆောင်မှုများကို ပေးနိုင် ရန်အတွေ့အကြုံ ရင့်ကျက်သော ဆရာ / ဆရာမ (၃၀) ကျော်မှ လေ့ကျင့်သင်ကြား ပေးနေပါသည်။ ဂလိုရီသည် ကုမ္ပဏီ များ၏ လိုအပ်ချက် အတိုင်း သင်ကြားပေးသော အထူးသင်တန်း ကို လည်းဖွင့်လှစ်ခဲ့ပြီး Petronas Oil & Gas , Total E & P Myanmar , Myanmar Brewery တို့မှ ဝန်ထမ်းများကို လက်ခံ သင်ကြားပေးခဲ့ပါသည်။ ဂလိုရီသည် နိုင်ငံတကာနှင့်ချိတ်ဆက်ကာ ပိုမိုကောင်းမွန်သော အဆင့်မြှင့်ပညာရေး ဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်ရွယ်၍ GLORY Education Services Co., Ltd . ကို 2018 နိုဝင်ဘာ တွင် တည်ထောင်ကာ မှတ်ပုံ တင်ခဲ့ပါ သည်။

Our Vision

မြန်မာမှာ သာမက နိုင်ငံတကာမှာ ဂုဏ်သိက္ခာရှိသော ၊ လူငယ်များယုံကြည်အားကိုးထိုက်သော ၊ လူမှု့ပတ်ဝန်းကျင်ကို ဖွံ့ဖြိုးတိုးတက်အောင် ကူညီပံ့ပိုးပေးနိုင်သော အသက်မွေးဝမ်းကြောင်း အတတ်ပညာကျောင်းကြီးတစ်ခုဖြစ်စေရန်

Our Mission

လူငယ်တွေရဲ့ အနာဂတ်ဘဝခိုင်မာစေဖို့ ဘဝအာမခံချက်ရှိတဲ့ အတတ်ပညာတွေ လေ့ကျင့်သင်ကြားပေးရန် နှင့် အရည်အသွေး ပြည့်ဝသော ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးခြင်းဖြင့် နိုင်ငံကို တစ်တပ် တစ်အား ကူညီပံ့ပိုးရန်

Our Achievement

City & Guilds (UK) သည် ကမ္ဘာတစ်ဝှမ်း ၎င်း၏ စာမေးပွဲကို ဝင်ရောက် ဖြေဆိုသူများထဲမှ အမှတ်အများဆုံး ရရှိသူကို Medal of Excellence ဆုများ ပေးအပ်လေ့ ရှိပါသည်။ ဂလိုရီ၏ သင်တန်း ဆင်း ကျောင်းသားများထဲမှ (၄) ဦး သည် အဆိုပါဆု ကို လက်ခံရရှိခဲ့ပါသည်။ ဂလိုရီသည် Level (5) အဆင့်အတွက် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော Medal of Excellence ဆုရှင်ကို မွေးထုတ်ပေးနိုင်ခဲ့ပါသည်။ ထို့အပြင် City & Guilds မှ High Standard of Teaching and Training School အဖြစ် အသိအမှတ်ပြု လက်မှတ် ရရှိခဲ့ပါသည်။ မြန်မာ နိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု စံ သတ်မှတ်ပြဌာန်းရေးအဖွဲ့ (NSSA) မှ ကြီးမှူး၍ နိုင်ငံတော် အဆင့်အနေဖြင့် Myanmar Skills Competition ကျွမ်းကျင်မှု ပြိုင်ပွဲများကျင်းပခဲ့ပါသည်။ အဆိုပါပြိုင်ပွဲ၏ မော်တော်ယာဉ်စက်ပြင် ဘာသာရပ် အတွက်ပြိုင်ပွဲ၌ ဂလိုရီ၏ သင်တန်း ဆင်းကျောင်းသား မောင်အားမာန်ထွဋ် မှာ ပထမဆု ကို ရရှိခဲ့ပါသည်။ ထိုအပြင် ၎င်း ဂလိုရီ ကျောင်းသား သည် ထိုင်းနိုင်ငံ တွင်ကျင်းပသော Asian Skills Competition - 2018 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု အနေဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါသည်။

  • item
  • item
  • item
  • item

Medal of Excellence Winner

Min Site Chan Mon

2008 June Series
Dip in Engineering
Skill (Electronic)

 

Nay Min Tun

2008 Dec Series
Dip in Engineering
Skill (Electronic)

 

Pyae Phyo Aung

2012 Dec Series
Advanced Dip in
Engineering(Mechanical)

 

Sai Khan Lon

2008 Dec Series
Dip in Engineering
Skill (Electronic)

 

  • item
  • item
  • item
  • item

Our Service

ဂလိုရီသည် လေ့ကျင့်သင်ကြားရေးအပြင် အခြားသော ပညာရေးဝန်ဆောင်မှုများကို လည်းပေးနေပါသည်။ ဂလိုရီ ၏ ဝန်ဆောင်မှုများမှာ -
(၁) အသက်မွေးဝမ်းကျောင်း နှင့် အင်ဂျင်နီယာ ဘာသာရပ်များအားလေ့ကျင့်သင်ကြားပေးခြင်း။
(၂) ကုမ္ပဏီ နှင့် အဖွဲ့အစည်းများအတွက် လုပ်ငန်းလိုအပ်ချက်အတိုင်း အထူးသင်ရိုးဖြင့် လေ့ကျင့်သင်ကြားပေးခြင်း။
(၃) လုပ်ငန်းရှင်များ ၊ အကျိုးဆောင်များ (Employment Agent) နှင့် NSSA တို့အတွက် လုပ်သားများ၏ ကျွမ်းကျင်မှု အရည်အသွေးကို စစ်ဆေးပေးခြင်း။
(၄) နည်းပညာဆိုင်ရာ စာအုပ်များရေးသား ထုတ်ဝေခြင်း။
(၅) ကျွမ်းကျင်လုပ်သားလိုအပ်နေသော ကုမ္ပဏီများ နှင့် သင်တန်းဆင်းကျောင်းသားများအား ချိတ်ဆက်ပေးခြင်း။

Copy Right © 20019-2020 GLORY Career Training Centre . All Rights Reserved.