Testimonial

အောင်ကောင်းခန့်

Advanced Dip in Electrical & Electronic Engineering (Level-5)

ကျွန်တော်က အောင်ကောင်းခန့် ဖြစ်ပါတယ် ၊ လက်ရှိ University of Hertfordshire , School of Science & Engineering မှာ M.Sc (Power Electronic & Control ) ကျောင်းသားတစ်ဦး အဖြစ်တက်ရောက် ပညာသင်ကြားနေပါတယ်။ 2011 ခုနှစ်မှာတော့ GLORY မှာ Dip in Electrical & Electronic Eng (Level-3) ကိုတက်ရောက်ခဲ့ပြီး (၂)နှစ်ကြာမှာတော့ Adv Diploma in Electrical & Electronic Engineering (Level-5) ကို တက်ရောက်အောင်မြင်ခဲ့ပါတယ်။ Diploma (၂)မျိုးစလုံးကို GLORY ရဲ့ 100 % Full Scholar ချီးမြှင့်ခံ့ခဲ့ရပြီး တက်ရောက်အောင်မြင်ခဲ့ပါတယ်။ အဲဒါပြီးနောက်မှာ စင်ကာပူနိုင်ငံကို သွားရောက်ပြီး Electrical Technician , Product Engineer စတဲ့ ရာထူးတွေနဲ့ (၅)နှစ်ကြာလုပ်ကိုင်ခဲ့ပါတယ်။ အဲဒီလိုအလုပ်လုပ်ရင်း နဲ့ဘဲ စင်ကာပူနိုင်ငံ BMC International College ကိုတက်ရောက်ခဲ့ပြီး B.Eng (Hons) Electrical & Electronic Engineering (Level-6) ကို အောင်မြင်ပြီးမြောက်ခဲ့ပါတယ်။ အဲဒီနောက်တော့ နောက်ထပ်ခြေလှမ်းအနေနဲ့ UK မှာဘွဲ့လွန်ဆက်တက်ဖို့ ဆုံးဖြတ်ခဲ့ပြီး University of Hertfordshine ကိုဆက်သွယ်လျှောက်ထားခဲ့ပြီး ယခု 2020 January မှာ ဘွဲ့လွန်ကျောင်းသားတစ်ဦးအဖြစ် စတင်တက်ရောက်ခဲ့ပါတယ်။ GLORY နဲ့ ပတ်သက်တဲ့ကျွန်တော်အတွေ့ အကြုံကိုဝေမျှချင်ပါတယ်။ GLORY ဟာကျွန်တော့်ကို အင်ဂျင်နီယာလောကကို ရောက်ရှိစေဖို့ လမ်းကြောင်းပေါ်တင်ပေးခဲ့ပါတယ်။ အင်ဂျင်နီယာတစ်ယောက်ဖြစ်ဖို့ အခြေခံပညာရပ်အားလုံးကို GLORY က သင်ကြားပေးလိုက်ပါတယ်။ Theory သာမက Practical Knowledge တွေရရှိအောင် လေ့ကျင့်ပေးခဲ့ပါတယ်။ဒါကြောင့် GLORY မရှိဘဲ ကျွန်တော်ဟာ လက်ရှိနေရာကို ရောက်ရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် GLORY ဟာ ကျွန်တော်အတွက်ကျေးဇူးအထူးတင်ထိုက်သူပါ။ ကျွန်တော်ရဲ့ အတွေ့အကြုံပေါ်မူတည်ပြီး လူငယ်တွေကို မျှဝေပေးချင်ပါတယ်။ “ ဘယ်လိုဆန္ဒမျိုးရှိပါနေပါစေ ၊ လုပ်လိုက်ပါ။ ကိုယ်လုပ်နေတာ အားလုံးဟာ ကိုယ်လုပ်ချင်တဲ့ဟာနဲ့ ဆက်စပ်မှုရှိပါစေ၊ လမ်းတစ်ဝက်မှာ ရပ်မပစ်ပါနဲ့ ၊ ဆုံးခန်းတိုင်အောင်လျှောက်ပါ။ တကယ်လို့ရပ်လိုက်မယ်ဆိုရင် ၊ ရရှိမဲ့ အကျိုးဆက်ဟာ ဘယ်လိုမှ ခံစားနိုင်မှာ မဟုတ်ပါဘူး ’’


မင်းစိုက်ချမ်းမွန်

Electrical & Electronic Engineering Diploma

ကျွန်တော်နာမည်က မင်းစိုက်ချမ်းမွန် ဖြစ်ပါတယ်။ City & Guilds အင်ဂျင်နီယာ ဒီပလိုမာတစ်ခုဖြစ်တဲ့ Diploma in Engineering (Electronic Engineering ) ကို 2008 ခုနှစ်လောက်မှာ GLORY မှာဘဲ တက်ရောက် အောင်မြင်ခဲ့ပါတယ်။ အင်ဂျင်နီယာ ဒီပလိုမာ သင်တန်းအပြင် အခြား ကျွမ်းကျင်မှု ကာလတို သင်တန်းတော်တော်များများ ကိုလည်း GLORY မှာ တက်ရောက် ခဲ့ပါတယ် ။ City & Guilds စာမေးပွဲမှာ အမှတ်အများဆုံးရရှိခဲ့တာမို့ City & Guilds ကချီးမြှင့်တဲ့  Medal of Excellence ဆု ကို ရရှိခဲ့ပါတယ်။ သင်တန်းပြီး 2009 လောက်မှာဘဲ စင်ကာပူနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင် ခွင့်ရခဲ့ပါတယ်။ လက်ရှိလည်း System Engineer တစ်ဦးအနေနဲ့ Dredging International Asia Pacific Pte Ltd. စင်ကာပူ မှာ လုပ်ကိုင်နေပါတယ်။ GLORY ကနေ Electronic အခြေခံကောင်းတွေ သင်ယူခွင့် ရခဲ့တဲ့အတွက် Self Study လုပ်ရာမှာ အများကြီး အထောက်အကူ ရခဲ့သလို အလုပ်ထဲမှာလည်း အဆင်ပြေစေ ခဲ့ပါတယ်။ မိမိရည်မှန်းထားတဲ့အတိုင်း အစဉ် ဆက်မပြတ် ကြိုးစားရင် တစ်နေ့ မိမိပန်းတိုင်ကိုရောက် မှာ သေချာပါတယ်။ 

ပြည့်စုံအောင်

Automotive Engineering Diploma

ကျွန်တော်ကတော့ ပြည့်စုံအောင်ပါ။ GLORY ရဲ့ Automotive Engineering Diploma သင်တန်းဆင်း တစ်ယောက် ဖြစ်ပါတယ်။ GLORY ရဲ့ 2014-2015 ပညာသင်နှစ် သင်တန်းမှာ တက်ရောက် အောင်မြင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ Ford ကားတွေ ထုတ်လုပ်တဲ့ Capital Motor Co., Ltd. ရဲ့ Quality Control Team Leader တစ်ဦးအနေနဲ့ လုပ်ကိုင်နေပါတယ်။ GLORY မှာ တက်ရောက်ပညာသင်ယူခဲ့တဲ့ အကျိုးကျေးဇူးကြောင့် ကားပညာရပ်ကို အခြေခံကနေစပြီး စနှစ်တကျ တတ်မြောက်ခဲ့တာမို့ ယခုလို Ford ကားကုမ္ပဏီမှာ ဝင်ရောက်လုပ်ကိုင်ခွင့် ရခဲ့တာဖြစ်ပါတယ်။ ဒါအပြင် ဒီမှာအလုပ်ဝင်ဖို့အတွက်လည်း GLORY ကချိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ GLORY မှာတက်ခဲ့တုံးက ဂျပန်သင်ရိုးအတိုင်းလေ့လာသင်ယူခွင့် ရခဲ့တဲ့အပြင် သင်တန်းတက်စဉ် ကာလတစ်လျှောက် ဂျပန်ပုံစံ စည်မျဉ်းစည်းကမ်းတွေနဲ့အညီ နေထိုင်ခဲ့ရတာမို့ လုပ်ငန်းခွင်မှာ စည်းကမ်းတစ်ကျ နေတတ်သူတစ်ဦး ဖြစ်စေခဲ့ပါတယ်။ သင်တန်း တက်တုန်းက ကားတစ်စီးလုံးရဲ့ System တွေကိုသင်ပေးလိုက်တာကြောင့် အများကြီး အကျိုးရှိခဲ့ပါတယ်။ အခုလိုကားထုတ်လုပ်တဲ့ ကုမ္ပဏီမှာ ဝင်ရောက်လုပ်ကိုင်တဲ့အခါမှာ ကားတပ်ဆင်ထုတ်လုပ်တဲ့ အပိုင်းမှာ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်နိုင်ခဲ့ပါတယ်။ လူငယ်တွေအတွက် အကြံပြုရမယ် ဆိုရင်တော့ ကိုယ့်အနာဂတ်ကို အကောင်းဆုံးဖန်တီးမယ်၊ ကားပညာရပ်နဲ့ အသက်မွေးချင်တယ် ဆိုရင်တော့ GLORY Automotive School ဟာ ရွေးချယ်သင့်တဲ့ ကျောင်းတစ်ခုပါလို့ အကြံပြု တိုက်တွန်းလိုပါတယ်။ GLORY ဟာ အတတ်ပညာ တစ်ခုတင် မဟုတ်ဘဲ စိတ်ဓာတ်၊ စည်းကမ်းတွေ ကောင်းလာအောင် လေ့ကျင့် သင်ကြား ပေးတဲ့ နေရာတစ်ခုပါ။ 

သဉ္ဇာဦး
Advanced Dip in Electrical and Electronic Engineering (Level 5)
စဝ်ရန်နိုင်ဦး
Advanced Dip in Automotive Engineering - Maintenance
Copy Right © 20019-2020 GLORY Career Training Centre . All Rights Reserved.