Partners & Affiliation

ဂလိုရီသည် အကောင်းဆုံးပညာရေး ဝန်ဆောင်မှုများပေးအပ်နိုင်ရန်အတွက် နိုင်ငံတကာ ကျောင်းများ ၊ ပညာရေးအဖွဲ့ အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိပါသည်။

City & Guilds of London Institute (UK)

City & Guilds သည် အတတ်ပညာရပ် အမျိုးမျိုးအတွက် အရည်အချင်းစစ် စာမေးပွဲများစစ်ဆေးကာ အသိအမှတ်ပြု လက်မှတ်များထုတ်ပေးနေသော အဖွဲ့အစည်းဖြစ်ပါသည်။ City & Guilds သည် သက်တမ်းနှစ်ပေါင်း(130) ကျော်ရှိခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှ ၎င်း၏စာမေးပွဲ များကိုဝင်ရောက်ဖြေဆိုသူ စုစုပေါင်း တစ်နှစ်လျှင် (1.2)သန်းခန့်ရှိပါသည်။ City & Guilds အဖွဲ့အစည်းသည် UK တွင် ရုံးစိုက်ကာ နိုင်ငံပေါင်း (၁၀၀)ကျော် တွင် ရုံးခွဲများဖွင့်လှစ်ထားပြီး တစ်ကမ္ဘာလုံးတွင် ၎င်း ၏ သင်ရိုးအတိုင်း ဖွင့်လှစ်သင်ကြားနေသော Centre ပေါင်း (8500) ကျော်ရှိပါသည်။ ဂလိုရီသည် ၎င်း စင်တာများထဲမှ တစ်ခုဖြစ်ပြီး Centre No. (826801) ဖြင့် ဖွင့်လှစ်ခွင့်ရရှိထားပါသည်။ ဂလိုရီသည် (2005) ခုနှစ်မှ စတင်၍ City & Guilds ပူးပေါင်းဆောင်ရွက်ကာ ၎င်း၏ Engineering Qualification များ ဖွင့်လှစ်သင်ကြားနေပါသည်။

Okayama Institute Of Science & Technology ( Japan)

Okayama Institute of Science & Technology (OIST) သည် ဂျပန်နိုင်ငံ ၊ အိုကာယာမာစီရင်စု ၊ အိုကာယာမာမြို့တွင် တည်ရှိပါသည်။ အင်ဂျင်နီယာနှင့် ပတ်သက်သော အသက်မွေးဝမ်းကျောင်း ပညာရပ်များကို အထူးပြုသင်ကြားသည့်ကျောင်း တစ်ခု ဖြစ်ပြီး Bioscience , Visual & Audio , Electrical Engineering , Architecture , Surveying & Civil Engineering , Manufacturing နှင့် Automotive Engineering အစရှိသော ဘာသာရပ်များ ရှိပါသည်။ ဂျပန်နိုင်ငံ၏ Ministry of Culture and Science နှင့် Minstry of Justic , Immigration Bureau တို့မှ အသိအမှတ်ပြု ထားသောနည်းပညာကောလိပ်တစ်ခုဖြစ် သည်။ ဂလိုရီ သည် အဆိုပါကျောင်း နှင့် ပညာရေးကဏ္ဍ တွင် ပူးပေါင်းဆောင်ရွက်ရန် (2013) ခုနှစ်တွင် MOAလက်မှတ်ရေးထိုး ခဲ့ပါသည်။ လက်ရှိအချိန်တွင် အဆိုပါကျောင်းသည် ဂလိုရီအား မော်တော်ကားပြုပြင်ထိန်းသိမ်းခြင်း ဘာသာရပ်အတွက် လိုအပ် သော နည်းပညာများ ၊ သင်ရိုးညွန်းတမ်းများ၊ Text Book များကို ပံ့ပို့ကူညီပေးနေပါသည်။

BMC International College (Singapore)

BMC College သည် Engineering , Accounting , Business , Computing , Hospitality စသော ဘာသာရပ်များအတွက် Diploma နှင့် Degree Level သင်တန်းများဖွင့်လှစ်ထားသော စင်ကာပူ ကျောင်းတစ်ခုဖြစ်ပါသည်။ အဆိုပါကျောင်းသည် စင်ကာပူအစိုးရ၏ Edutrust ကို ရရှိထားပြီး 1966 ကတည်းက တည်ထောင်ဖွင့်လှစ်ထားသည့် သက်တမ်းရင့် ကျောင်းတစ်ခု ဖြစ်ပါသည်။ (2019)ခု နှစ်လယ်ပိုင်းစ၍ ဂလိုရီနှင့် BMC တို့ပညာရေးကဏ္ဍတွင် စတင်ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

NSSA - National Skills Standard Authority

ဂလိုရီသည် အတတ်ပညာ ကျွမ်းကျင်မှု့သင်တန်းများ ဖွင့်လှစ်သင်ကြားနေသည့်အားလျှော်စွာ နိုင်ငံတော်အဆင့်အဖွဲ့အစည်း ဖြစ်သော NSSA - National Skills Standard Authority ( မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု စံ သတ်မှတ်ပြဌာန်းရေး အဖွဲ့) နှင့် ပူးပေါင်ကာ ဆောင်ရွက်နေပါသည်။ NSSA ၏ လုပ်ငန်းစဉ်များဖြစ်သော လုပ်သားများ၏ ကျွမ်းကျင်မှု့ အရည်အသွေး စစ်ဆေးအကဲဖြတ်ခြင်း ၊ ကျွမ်းကျင်မှု စံ (National Standard) များ ရေးဆွဲသတ်မှတ်ခြင်း အစရှိသော ကိစ္စရပ်များအတွက် ဂလိုရီမှာ NSSA နှင့်ပူပေါင်း ဆောင်ရွက်လျှက်ရှိပါသည်။ လက်ရှိအချိန်တွင် ဂလိုရီသည် မော်တော်ကားစက်ပြင်ကျွမ်းကျင်မှု့ကို NSSA ကိုယ်စား စစ်ဆေးအကဲဖြတ်ပေးရသော စစ်ဆေးအကဲဖြတ်ဌာန (NSSA Assessment Centre) တစ်ခုဖြစ်ပါသည်။ ကျွမ်းကျင်မှု့ရှိသော်လည်း လက်မှတ်မရှိသူများသည် အစိုးရအသိအမှတ်ပြု လက်မှတ်ရရှိရန် ဂလိုရီတွင် လာရောက်ဖြေဆို ရမည်ဖြစ်သည်။ လက်ရှိအချိန်တွင် ဂလိုရီမှ ဆရာအချို့သည် NSSA စားမေးပွဲများ အတွက် စစ်ဆေးရေးမှူး (NSSA Assessors) များ အဖြစ်တာဝန်ယူထမ်းဆောင်လျှက်ရှိပါသည်။

Copy Right © 20019-2020 GLORY Career Training Centre . All Rights Reserved.