News

GLORY News (1)

04 Aug 2018

(4.8.2018) နေ့တွင် အလုပ်သမား လူဝင်မူ ကြီးကြပ်ရေးနှင့် ပြည်သူအင်အား ဝန်ကြီးဋ္ဌာန၏ ညွန်ကြားရေးမှုးချုပ် ဦးဝင်းရှိန် ဦးဆောင်သော အဖွဲ့သည် GLORY Automotive Training School သို့လာရောက်လည်ပတ်ကာ ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။ အဆိုပါအဖွဲ့တွင် DG ဦးဝင်းရှိန် နှင့်အတူ လက်ထောက် ညွန်ကြားရေးမှုး ဒေါ်ခင်မာအေးနှင့် Swiss Contact မှ National Consultant ဒေါ်ယဉ်ယဉ်အေးတို့ ပါဝင်သည်။ အဆိုပါ တာဝန်ရှိသူများသည် GLORY တွင် မော်တော်ကား ပြုပြင် ထိန်းသိမ်းခြင်း သင်တန်းများပေးခြင်း နှင့် NSSA ၏ Automotive Mechanic Level-1 Test များ GLORY တွင် လက်ခံ စစ်ဆေးပုံများကို စစ်ဆေး ကြည့်ရှုခဲ့ ကြပါသည်။


GLORY News (2)

26 Oct 2018

(26.10.2018)ရက်နေ့တွင်GLORY နှင့် OIST (Japan) တို့ ပူးပေါင်း ဖွင့်လှစ်သော မော်တော်ကား နည်းပညာ ဒီပလိုမာသင်တန်း တန်းခွဲသစ်များဖွင့်ပွဲနှင့် သင်တန်းဟောင်းများ ဆင်းပွဲကို ရန်ကုန်မြို့၊ ပြည်လမ်းရှိ IBC တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီး ဦးဇော်အေးမောင်မှ အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး GLORY ၏ Principal ဦးကျော်စိုးမိုး မှ အမှာစကား ပြောကြားခဲ့ပါသည်။ သင်တန်းဆင်း အောင်လက်မှတ်များကို OIST၏ Lecturer ,Mr. Naoki Itami နှင့် SUZUKI MOTOR Co.Ltd. ၏ Managing Director, Mr. Asano တို့မှ အသီးသီး ပေးအပ်ချီးမြှင် ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန မှ တာဝန်ရှိသူများ , NSSA, JICA-Japan, GIZ-Germany , SUZUKI MOTOR တို့မှ တာဝန်ရှိသူများ၊ အခြားကားကုမ္မဏီများမှ တာဝန်ရှိသူများ၊ သင်တန်းသားများ နှင့် မိဘအုပ်ထိန်းသူများ စုစုပေါင်း (၃၅၀)ခန့် တက်ရောက် ခဲ့ကြပါသည်။ ဂျပန်- မြန်မာ ပူးပေါင်းဖွင့်လှစ်သော အဆိုပါသင်တန်းများကို တစ်နှစ်(၂)ကြိမ် April နှင့် October တို့တွင် ဖွင့်လှစ်ပါသည်။


GLORY News (3)

26 Jan 2019

(26.1.19) ရက်နေ့တွင် Senator, Mr. Ichiro Aisawa နှင့် အဖွဲ့သည် GLORY သင်တန်းကျောင်းသို့ လာရောက် လည်ပတ် ခဲ့ပါသည်။ Mr. Aisawa သည် ဂျပန် လွတ်တော်အမတ် တစ်ဦးဖြစ်ပြီး ဂျပန်-မြန်မာ ပါလီမန်အမတ်များ ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ လည်းဖြစ်သည်။ အဆိုပါအဖွဲ့တွင် လွတ်တော်အမတ် နှင့်အတူ ဂျပန်သံရုံးမှ Counsellor, Mr. Kazuyuki Takimi ၊ ဂျပန်နိုင်ငံ Ministry of Land, Infrastructure, Transport and Tourism ၏ Director General, Mr. Motohide Hashimoto တို့နှင့်အတူ အခြား ဂျပန်လုပ်ငန်းရှင်မျာ းပါဝင်ပါသည်။ အဆိုပါ ဧည့်သည်များကို GLORY တွင် ဂျပန်သင်ရိုးဖြင့် မော်တော်ကား စက်ပြင်သင်တန်း များပေးနေမှု အခြေအနေများ၊ သင်တန်းဆင်းများ ဂျပန်လုပ်ငန်းခွင် ဝင်ရောက်မှု အခြေအနေများ နှင့်ဂျပန်နိုင်ငံအတွင်း အဆင့်မြင့် ကားပညာဆက်လက်သင်ယူမှု အခြေအနေများ တို့ကို GLORY တာဝန်ရှိသူများမှ ရှင်လင်းပြောကြား ခဲ့ပါသည်။


GLORY News (4)

18 May 2019

(18.5.2019) ရက်နေ့တွင် ပညာရေးဝန်ကြီးဌာန၊ TVET ဌာနခွဲ၏ ဒုတိယ ညွန်ကြားရေးမှုးချုပ်၊ ဒေါက်တာနေမျိုးထွန်း နှင့်အဖွဲ့သည် GLORY ၏ မော်တော်ကား နည်းပညာသင်တန်းကျောင်းသို့ လာရောက်လေ့လာ ခဲ့ပါသည်။ အဆိုပါ အဖွဲ့ကို GLORY ၏တာဝန်ရှိသူများမှ ကြိုဆိုဧည့်ခံပြီး GLORY တွင်ဂျပန်နည်းပညာဖြင့် မော်တော်ကား ပြုပြင်ထိမ်းသိမ်းခြင်း သင်တန်းများ လေ့ကျင့်သင်ကြား ပေးနေပုံကို အသေးစိတ် ရှင်းလင်းပြသ ခဲ့ပါသည်။ ထိုအပြင် အစိုးရကျောင်းများဖြစ်သော GTHS, GTI ကျောင်းများအတွက် GLORY အနေဖြင့် ပံ့ပိုးကူညီပေးနိုင်သော အပိုင်းများနှင့် ပတ်သက်၍ တာဝန်ရှိသူများမှ ဆွေးနွေးတင်ပြခဲ့ပါသည်။


GLORY News (5)

04 Jul 2019

(4.7.19)မှ(7.7.19) ရက်အတွင်း တွင် NSSA - မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေး အဖွဲ့၏ Automotive Mechanic Level-1Test စစ်ဆေးခြင်းကို GLORY တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ စစ်ဆေးမှုကို GLORY သင်တန်းဆင်း ကျောင်းသားဟောင်း များနှင့် အခြား ကားဆားဗစ်စင်တာ များမှ Mechanic များစုစုပေါင်း(၃၁)ဦး ပါဝင်ဖြေဆိုခဲ့ပါသည်။ NSSA သည်မော်တော်ကား စက်ပြင် ကျွမ်းကျင်မှု - အမျိုးသားအဆင့်(၂)အတွက် စံသတ်မှတ်ချက်များ ရေးဆွဲခြင်းနှင့် မေးခွန်းများ ပြုစုခြင်းတို့ကို JICA-Japan ၏ ကူညီထောက်ပံ့မှုဖြင့် ဆောင်ရွက်လျှက်ရှိပြီး Level-1 ကိုလည်း အဆင့်မြှင့်ထားသော Version(2) အဖြစ် GLORY တွင် ပထမဦးဆုံး စတင်စစ်ဆေးခြင်းဖြစ်သည်။ အဆိုပါ စစ်ဆေးမှုကို JICA မှတာဝန်ရှိသူများ၊ NSSA မှ တာဝန်ရှိသူများ ၊ အစိုးရစက်မှုသင်တန်းကျောင်းTTTI မှဆရာများ၊ အခြားဆက်စပ် ကားကုမ္ပဏီတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။


GLORY News (6)

13 Feb 2019

၂၀၁၉ ခုနှစ်ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၅ ရက်အထိ စင်ကာပူနိုင်ငံရှိ Polytechnic တွင် ကျင်းပခဲ့သော TVET Quality Assurance Framework အလုပ်ရုံ ဆွေးနွေးပွဲသို့ GLORY Career Training Centre မှ Principal ဦးကျော်စိုးမိုး တက်ရောက်ခဲ့သည်။ Dr. Joseph TAN နှင့် စင်ကာပူ Polytechnic မှအခြားကျွမ်းကျင်ပညာရှင် ၃ ဦး သည်စင်ကာပူ၏ သက်မွေးဝမ်းကျောင်း ပညာရေးစနစ်နှင့် Temasek Foundation အကြောင်း ရှင်းပြခဲ့သည်။ မြန်မာ ကိုယ်စားလှယ်များက ကျောင်းကို လှည့်ပတ်ပြီး စင်ကာပူ Polytechnic ရဲ့အင်ဂျင်နီယာ ဓာတ်ခွဲခန်းကို လေ့လာခဲ့ပါသည်။


GLORY NEWS (7)

05 Jul 2020

ပညာသင်ယူလို သော်လည်း သင်တန်းကျောင်းသို့ ကိုယ်တိုင် လာမတက်နိုင်သူများအတွက် ရည်ရွယ်ကာ GLORY   မှ Online   သင်တန်းများကို ဇူလိုင်လအတွင်း စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။   Online      စနစ်ဖြင့်ဖွင့်လှစ်မည့် သင်တန်းများမှာ Level (3) အဆင့်   UK Engineering Diploma သင်တန်းများနှင့် ဝါယာရိန်း ၊ အဲယားကွန်းသင်တန်း ၊ အီလက်ထရောနစ် စသော အသက်မွေးပညာရပ်ဆိုင်ရာသင်တန်း အချို့ပါဝင်သည် ။ သင်တန်းအချို့မှာ 100 % Online ဖြစ်ပြီး အချို့မှာ လက်တွေ့သင်ခန်းစာများ ကိုယ်တိုင်ပြုလုပ်ရန်သင်တန်း ကျောင်း သို့ နာရီအနဲငယ် လာရန်လိုအပ်မည်ဖြစ်ပါသည်။ အလုပ်လုပ်ရင်းသင်တန်းတက်လိုသူများအတွက် အထူးသင့်တော်ပြီး ပုံမှန်သင်တန်းထက် သင် တန်းကြေး သက်သာစွာဖြင့် တက်နိုင်မည်ဖြစ်သည်။ စိတ်ဝင်စားသူများသည် Ph No. 09- 5197817  , 09 – 73 12 17 17   တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါသည်။


GLORY News (8)

06 Mar 2024

အခမဲ့သင်ကြားပေးသော အသက်မွေးပညာသင်တန်း(၃)မျိုးကို (17.10.2022 ) ရက်နေ့တွင် GLORY၌ စတင်ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါအခမဲ့သင်တန်းများကို တတိယအကြိမ်မြောက်အဖြစ်ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းတစ်မျိုးလျှင်သင်တန်းသား၊သူ (၁၅)ဦးနှုံးဖြင့်စုစုပေါင်း(၄၅)ဉီးကိုလက်ခံသင်ကြားခြင်းဖြစ်သည်။ ဖွင့်လှစ်သောသင်တန်းအမျိုးအစားများမှာ အိမ်သုံးလျှပ်စစ်နှင့်ဝါယာရိန်းသင်တန်း၊ အဲယားကွန်းပြုပြင်တပ်ဆင်သင်တန်း၊ ကျေးလက်စက်မှုပညာရှင်သင်တန်းတို့ ဖြစ်ပါသည်။ သင်တန်းသားများကိုရွေးချယ်ရာတွင် ပထမအဆင့်အနေဖြင့် သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိ၊မရှိ စီစစ်ကာ ဒုတိယအဆင့်တွင် အင်တာဗျုးပြုလုပ်၍ အဆင့်ဆင့်ရွေးချယ်ခဲ့ပါသည်။ သင်တန်းများတွင် စာတွေ့လက်တွေ့ စုစုပေါင်းနာရီ(၃၆၀)သင်ကြားမည်ဖြစ်ပြီး သင်တန်းကာလ(၃)လကြာမြင့်မည်ဖြစ်ပါသည်။


GLORY News (9)

06 Mar 2024

(29.5.2023) ရက်နေ့တွင် GLORY ၏ “မော်တော်ကားနည်းပညာဒီပလိုမာ-သင်တန်းဆင်းပွဲနှင့်တန်းခွဲသစ်များ ဖွင့်လှစ်ခြင်းအခမ်းအနား” ကို ပြည်လမ်းရှိ Novotel Hotel တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားကို မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် နှင့် NSSA အဖွဲ့ကြီးမှတာဝန်ရှိသူများ၊ မော်တော်ကားကုမ္ပဏီနှင့်ကားဆာဗစ်စင်တာများမှ တာဝန်ရှိသူများ၊ အိုကာယာမာသိပ္ပံနှင့်နည်းပညာကောလိပ်မှတာဝန်ရှိသူများ နှင့် သက်ဆိုင်ရာ ဆရာများ၊ သင်တန်းသား၊သင်တန်းသူများ၊ မိဘအုပ်ထိမ်းသူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၏ဒုတိယဥက္ကဌ-ဉီးအုန်းမြင့်၊ GLORY သင်တန်းကျောင်း၏ကျောင်းအုပ်ကြီး-ဉီးကျော်စိုးမိုးနှင့် ဂျပန်ကျောင်း၏ကိုယ်စား Mr. Nao Kasahara တို့မှ အသီးသီးအမှာစကားပြောကြားခဲ့ကြပါသည်။ ထို့နောက် သင်တန်းဆင်းကျောင်းသားများအား သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ကာ ထူးချွန်ဆု၊ ဂုဏ်ပြုဆုများကိုလည်း အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပါသည်။


GLORY News (10)

06 Mar 2024

(5.10.2023)နေ့တွင် GLORY သင်တန်းဆင်း(10)ဉီးသည် အဆင့်မြင့်မော်တော်ကားနည်းပညာများဆက်လက်သင်ယူရန် ဂျပန်နိုင်ငံသို့ထွက်ခွာသွားပါသည်။ အဆိုပါသင်တန်းဆင်းများမှာ Hein Min Thu (Sec 52), Aung Thu Hein (Sec 51), Myo Kyaw (Sec 51), Khant Kyaw Zin (Sec 51), Wai Yan Mon (Sec 49), Myat Khaung (Sec 48), Wai Yan Kyi (Sec 46), Hlaing Bhone Myint (Sec 38), Kaung Htet Hlan (Sec 30) နှင့် Man Zaw Myat Htut (Sec 5) တို့ဖြစ်ကြပါသည်။ ၎င်းသင်တန်းဆင်းများသည် အိုကာယာမာသိပ္ပံနှင့်နည်းပညာကောလိပ်တွင် Second Class-Automotive ပညာရပ်များသင်ယူကြမည်ဖြစ်သည်။ ၎င်းသင်တန်းးသားများသည် October 2023 Intake အတွက်ကျောင်းဝင်ခွင့်ရရှိသူများဖြစ်ပါသည်။


Copy Right © 20019-2020 GLORY Career Training Centre . All Rights Reserved.